ဆိုင်သို့ ပြန်မည်

၂၀၂၆ ဇူလိုင်လမှ စတင်သက်ရောက်သည်

စည်းမျဉ်းစည်းကမ်းများ

ဝေဖြိုး စားသောက်ကုန် ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးတွင် အော်ဒါမတင်မီ ဤစည်းမျဉ်းစည်းကမ်းများကို ဂရုတစိုက် ဖတ်ရှုပါရန်။

ကျွန်ုပ်တို့၏ website တွင် အော်ဒါတင်ခြင်းဖြင့် အောက်ဖော်ပြပါ ငွေပေးချေမှု၊ ပို့ဆောင်မှု၊ အော်ဒါနှင့် ပြန်လည်လဲလှယ်ခြင်း မူဝါဒများကို သဘောတူပါသည်။

ငွေပေးချေမှုနှင့် ပို့ဆောင်မှု

ရန်ကုန်မြို့တွင်း ပို့ဆောင်မှုနှင့် ငွေပေးချေမှု

ရန်ကုန်မြို့တွင်း (Yangon): ရန်ကုန်မြို့တွင်းအတွက် အိမ်အရောက်ပို့စနစ် (Door-to-Door) နှင့် နီးစပ်ရာကားဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးသော ဂိတ်ချစနစ် နှစ်မျိုးလုံးဖြင့် မှာယူနိုင်ပါသည်။ အိမ်အရောက်ပို့စနစ် (Door-to-Door) ကို ရွေးချယ်ပါက: ပစ္စည်းရောက်မှ ငွေချေသည့်စနစ် (COD) သို့မဟုတ် ကြိုတင်ငွေပေးချေသည့်စနစ် (Prepaid) နှစ်မျိုးလုံးဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါသည်။ ဂိတ်ချစနစ်ကို ရွေးချယ်ပါက: ကုန်ပစ္စည်းဖိုးကို ကြိုတင်ငွေချေစနစ် (Prepaid) ဖြင့်သာ ပေးချေရမည်ဖြစ်ပြီး၊ ဂိတ်ချခကိုမူ ဝယ်သူဘက်မှ ကားဂိတ်တွင် ပစ္စည်းသွားရောက်ထုတ်ယူသည့်အခါ (Collect) ပေးချေရပါမည်။

နယ်မြို့များ ပို့ဆောင်မှုနှင့် ငွေပေးချေမှု

အခြားမြို့များ (Other Cities): နီးစပ်ရာ ကားဂိတ်များမှတစ်ဆင့် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ကုန်ပစ္စည်းဖိုးကို ကြိုတင်ငွေချေစနစ် (Prepaid) ဖြင့် ပေးချေရမည်ဖြစ်ပြီး၊ ဂိတ်ချခကို ဝယ်သူဘက်မှ ကားဂိတ်တွင် ပစ္စည်းသွားရောက်ထုတ်ယူသည့်အခါ ပေးချေရပါမည်။

ပို့ဆောင်ခ သတ်မှတ်ချက်များ

ပို့ဆောင်ခနှုန်းထားများသည် ဝယ်ယူသည့် ကုန်ပစ္စည်းအရေအတွက်၊ အလေးချိန်နှင့် ပို့ဆောင်ရမည့် မြို့နယ်/တည်နေရာအပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ ရန်ကုန်မြို့တွင်း မှာယူသည့် အိမ်အရောက်အော်ဒါများအတွက် အပြီးသတ်ကျသင့်မည့် ပို့ဆောင်ခကို အော်ဒါ Checkout စာမျက်နှာတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။

အော်ဒါမူဝါဒ

အော်ဒါပယ်ဖျက်ခြင်း

လူကြီးမင်းတို့ မှာယူထားသော အော်ဒါအား ပယ်ဖျက်လိုပါက Website ပေါ်တွင် တိုက်ရိုက် ပယ်ဖျက်ခွင့် မရှိပါ။ Wai Phyoe ၏ တရားဝင် Facebook Page Messenger သို့ မိမိ၏ အော်ဒါနံပါတ် (Order ID) ပေးပို့၍ အကြောင်းကြား ပယ်ဖျက်ရမည် ဖြစ်သည်။ ပယ်ဖျက်ခွင့် ကန့်သတ်ချက်: မှာယူထားသော ပစ္စည်းများကို သက်ဆိုင်ရာ Delivery လုပ်ငန်းသို့ အပ်နှံပြီးသည့် အချိန်မှစ၍ မည်သည့် အကြောင်းပြချက်ဖြင့်မဆို အော်ဒါ ပယ်ဖျက်ပေးခြင်းအား လုံးဝ လက်ခံမည် မဟုတ်ပါ။

ပို့ဆောင်မည့် လိပ်စာပြောင်းလဲခြင်း

အော်ဒါတင်ပြီးနောက် လိပ်စာပြောင်းလဲလိုပါက အော်ဒါအခြေအနေ 'PREPARING' (ပစ္စည်းထုတ်ပိုးနေဆဲ) အဆင့်တွင် ရှိနေစဉ်သာ Wai Phyoe Facebook Page Messenger သို့ လာရောက်၍ အခမဲ့ ဆက်သွယ်အကြောင်းကြား ပြောင်းလဲနိုင်ပါသည်။ အော်ဒါအခြေအနေ 'WAITING SHIPMENT' (ပါဆယ်ထုတ်ပိုးပြီး ပို့ဆောင်ရန် စောင့်ဆိုင်းဆဲ) ရောက်ရှိပြီးမှ ပို့ဆောင်ရမည့် လိပ်စာအား ပြောင်းလဲပါက ဖြစ်ပေါ်လာမည့် အပို Delivery ခ (အပြည့်အဝ) ကို ဝယ်သူဘက်မှ ၁၀၀% ထပ်မံ ပေးချေရမည် ဖြစ်ပါသည်။

ပစ္စည်းပြတ်လပ်မှု အခြေအနေ

လူကြီးမင်း မှာယူထားသော ကုန်ပစ္စည်းသည် Stock ပြတ်လပ်သွားပါက (သို့မဟုတ်) ထုတ်လုပ်မှု အခက်အခဲရှိပါက Customer Service မှ ချက်ချင်း ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပြီး အခြားပစ္စည်းဖြင့် အစားထိုးခြင်း (သို့မဟုတ်) အော်ဒါပယ်ဖျက်၍ ငွေပြန်အမ်းခြင်းများကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ပစ္စည်းလက်ခံငြင်းဆန်ခြင်း

ပစ္စည်းရောက်မှ ငွေချေစနစ် (COD) ဖြင့် မှာယူပြီးနောက် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပစ္စည်းလက်ခံရန် ငြင်းဆန်ခြင်း (သို့မဟုတ်) တမင်တကာ အော်ဒါအမှားများ တင်ခြင်းမျိုး ရှိခဲ့ပါက အဆိုပါ ဝယ်ယူသူ၏ ဖုန်းနံပါတ်နှင့် Account ကို နောင်တွင် ဝယ်ယူခွင့်မရအောင် ပိတ်ပင်သွားမည် ဖြစ်ပါသည်။

ပြန်လည်လဲလှယ်ခြင်းနှင့် ငွေပြန်အမ်းခြင်း

ပစ္စည်းပြန်လည်လဲလှယ်ခြင်းနှင့် ငွေပြန်အမ်းခြင်း

ဝေဖြိုးပဲကြော်များသည် စားသောက်ကုန်များဖြစ်ပါသဖြင့် ဝယ်ယူပြီးသော ကုန်ပစ္စည်းများကို ငွေပြန်အမ်းခြင်း (Refund) ပြုလုပ်ပေးမည်မဟုတ်ပါ။ သို့သော် မိမိမှာယူထားသော ပစ္စည်းအမျိုးအစား မှားယွင်းနေခြင်း (သို့မဟုတ်) သက်တမ်းလွန် (Expired) ဖြစ်နေပါက ပစ္စည်းလက်ခံရရှိပြီး ၂၄ နာရီအတွင်း အထောက်အထား (ဓာတ်ပုံ/ဗီဒီယို) နှင့်တကွ ဆက်သွယ်၍ အသစ်ပြန်လည် လဲလှယ်နိုင်ပါသည်။ ထုပ်ပိုးမှု (Packaging) ဖွင့်ဖောက်ထားသော ပစ္စည်းများကို လဲလှယ်ခွင့် ပြုမည်မဟုတ်ပါ။

ပို့ဆောင်စဉ် ပျက်စီးဆုံးရှုံးမှုများ

ပို့ဆောင်ရေး လုပ်ငန်းစဉ်အတွင်း ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာရှိခဲ့ပါက ပစ္စည်းလက်ခံရရှိချိန်တွင် Unboxing Video (ပါကင်ဖောက်သည့် ဗီဒီယိုမှတ်တမ်း) ရိုက်ကူးထားရန် လိုအပ်ပါသည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းဖြင့် Customer Service သို့ ၂၄ နာရီအတွင်း ဆက်သွယ်အကြောင်းကြားပါက အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ပို့ဆောင်ရေး

ပို့ဆောင်မှု ကြန့်ကြာခြင်း

သတ်မှတ်ထားသော ပို့ဆောင်မည့်ရက်ထက် ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော ကြိုတင်မခန့်မှန်းနိုင်သည့် အကြောင်းအရာများ (Force Majeure) ကြောင့် ပို့ဆောင်မှု ကြန့်ကြာနိုင်သည်ကို ကြိုတင်အသိပေးအပ်ပါသည်။

ခန့်မှန်း ပို့ဆောင်ရန်ကြာချိန်

ကုန်ပစ္စည်းများ ပို့ဆောင်ရန် ကြာမြင့်ချိန်မှာ မှာယူသည့် ပုံစံအပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။ ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့စနစ် (Door-to-Door) အော်ဒါများအတွက် ခန့်မှန်း ပို့ဆောင်ချိန်မှာ (၄) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ ဂိတ်ချအော်ဒါများမှာမူ ခန့်မှန်း ပို့ဆောင်ချိန် (၂) ရက်ခန့် ကြာမြင့်နိုင်ပါသည်။

ဂိတ်ချအော်ဒါများ ပစ္စည်းထုတ်ယူခြင်းဆိုင်ရာ သတ်မှတ်ချက်

နယ်မြို့များအတွက် ကားဂိတ်မှတစ်ဆင့် ပို့ဆောင်သော အော်ဒါများကို ကားဂိတ်တွင် သွားရောက်ထုတ်ယူသည့်အခါ ဝယ်ယူစဉ်က ဖြည့်သွင်းထားသော အမည် နှင့် ဖုန်းနံပါတ် ကို တိကျစွာ အကြောင်းကြား၍ ထုတ်ယူရမည်ဖြစ်ပါသည်။ အကယ်၍ ကားဂိတ်မှ ဂိတ်ချပြေစာ (Waybill) တောင်းခံပါက သို့မဟုတ် ဝယ်ယူသူဘက်မှ ဂိတ်ချပြေစာ မိတ္တူ လိုအပ်ပါက Wai Phyoe Facebook Page Messenger မှတစ်ဆင့် မိမိတို့၏ Order Number (အော်ဒါနံပါတ်) နှင့်အတူ လာရောက်တောင်းခံနိုင်ပါသည်။

ပရိုမိုးရှင်းများ

ပရိုမိုးရှင်းနှင့် လျှော့စျေးများ

လျှော့စျေးကုဒ်များ (Discount Codes) သည့် သတ်မှတ်ထားသော ကာလအတွင်းသာ အကျုံးဝင်ပြီး အော်ဒါတစ်ခုလျှင် ကုဒ်တစ်ခုသာ အသုံးပြုနိုင်ပါသည်။ ပရိုမိုးရှင်းနှင့် လျှော့စျေးများကို ငွေသားအဖြစ် ပြန်လည်လဲလှယ်၍ မရနိုင်ပါ။

ကိုယ်ရေးကိုယ်တာ မူဝါဒ

ကိုယ်ရေးအချက်အလက်၊ ဒေတာအသုံးပြုမှုနှင့် မာကတ်တင်းဆိုင်ရာ မူဝါဒများ

ကိုယ်ရေးအချက်အလက်နှင့် မာကတ်တင်းဆိုင်ရာ မူဝါဒ (Data Privacy & Marketing Policy) ၁။ အချက်အလက် စုဆောင်းခြင်းနှင့် အသုံးပြုခြင်း: ဝယ်ယူသူများ၏ အမည်၊ ဖုန်းနံပါတ်၊ ပို့ဆောင်ရမည့် လိပ်စာနှင့် အော်ဒါ ရာဇဝင် (Order History) စသည့် အချက်အလက်များကို ဝေဖြိုး e-Commerce Website မှ စနစ်တကျ သိမ်းဆည်းထားမည် ဖြစ်ပါသည်။ ၂။ မာကတ်တင်းအတွက် အသုံးပြုခွင့်: ဝယ်ယူသူသည် ယခု Website တွင် အော်ဒါတင်ယူခြင်း/အကောင့်ဖွင့်လှစ်ခြင်းဖြင့် ဝေဖြိုး မှ ပေးပို့မည့် သတင်းအချက်အလက်များ၊ ပရိုမိုးရှင်းများ၊ Discount ကုဒ်များနှင့် သတင်းလွှာ (Newsletters/SMS/Messenger/Email Notifications) များကို လက်ခံရရှိရန် မိမိ၏ သဘောတူညီချက်အား ပေးအပ်ပြီး ဖြစ်သည်ဟု မှတ်ယူမည် ဖြစ်ပါသည်။ ၃။ လုံခြုံရေး အာမခံချက်: စုဆောင်းထားသော ကိုယ်ရေးအချက်အလက်များကို မာကတ်တင်းနှင့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန်အတွက်သာ သီးသန့် အသုံးပြုမည်ဖြစ်ပြီး သက်ဆိုင်မှုမရှိသော တတိယလူ (Third Party) များထံ မရိုးမဖြောင့်သော နည်းလမ်းဖြင့် ရောင်းချခြင်း၊ လွှဲပြောင်းခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ပါ။

သက်ရောက်သည့်ရက် - ၂၀၂၆ ဇူလိုင် — ဝေဖြိုး စားသောက်ကုန် ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး